(သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်မှုသင်တန်း)

San Nyo Nyo Myint Technical Service Co.,Ltd မှ ပြည်တွင်းရှိပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်မြင့်မား စေရန် လုပ်ကိုင်ဆောင်ရွက်ပေးနေသည့်အဓိကရည်မှန်းချက်မှာ အရည်အချင်းပြည့်ဝသောသူနာပြု အကူ/ဆေးဝါးကျွမ်းကျင် များမွေးထုတ်ပေးရန်ဖြစ်ပါတယ်။ တက်ရောက်သင်ကြားနေသည့် သင်တန်းသား/သူများအတွက် အကျိုးပြုမှုတွေ ရရှိခံစား စေမယ့် အလုပ်အကိုင် အခွင့်အလမ်းများမှာ ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းများ၊ ပုဂ္ဂလိကဆေးဆိုင်များ၊ ဆေးဝါးကုမ္ပဏီများ၊ Nursery School (ကလေးထိန်းကျောင်း)များ၊ စက်ရုံအလုပ်ရုံများ၊ Home Visit ၊ သွားဆေးခန်းများ၊ (Dental Clinic) နှင့် ဆေးအရောင်းဆိုင်များတွင် သူနာပြုအကူ၊ ဆေးဝါးကျွမ်းကျင်အကူအဖြစ် အသက်မွေးဝမ်းကျောင်းပြုလုပ်၍ ပြည်သူ့ ကျန်းမာရေးကို တဖက်တလမ်းမှ စောင့်ရှောက်ပေးနိုင်သည့် ဝန်းထမ်းကောင်းများဖြစ်လာစေပါတယ်။ လူငယ်များ အချိန်အလဟဿမဖြစ်စေဘဲ ပညာလဲရ၊ အလုပ်အကိုင်လဲရပြီး ကုသိုလ်များရရှိစေမှာဖြစ်ပါတယ်။ ထို့အပြင် ဂျပန်နိုင်ငံ ပညာတော်သင်နှင့် အလုပ်အကိုင်အခွင့်အလမ်းများလဲ ရှိပါတယ်။ အဓိကရည်ရွယ်ချက်မှာ လူငယ်များအချိန်ဖြုန်း၊ လမ်းမှား မရောက်စေရန်၊ မိမိတတ်ထားသော ပညာရပ်များဖြင့် တိုင်းပြည်အကျိုးကို တဖက်တလမ်းမှ သယ်ဆောင်နိုင်စေရန်၊ စေတနာဖြူစင်သော၊ မေတ္တာပြည့်ဝသော လူငယ်များဖြစ်လာစေရန်နှင့် မိမိကျန်းမာရေး၊ ပတ်ဝန်းကျင်ပြည်သူလူထု ကျန်းမာရေးကို စောင့်ရှောက်စေရန် ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း အပြည့်အဝ အာမခံချက်ရှိသော သင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်။
အရည်အချင်းပြည့်ဝသော သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်မှု သင်တန်းကျောင်း တက်ရောက်ဖို့လိုအပ်သော ပညာအရည်အချင်းမှာ ၉ တန်းအောင်၊ ၁၀ တန်းကနေ ဘွဲ့ရထိ SNNM သင်တန်းတက်ရောက်နိုင်အောင် စီစဉ်ပေးထား ပါတယ်။ ရည်ရွယ်ချက်ကတော့ ဆယ်တန်းအောင်မြင်ပြီး ပညာဆက်လက်ဆည်းပူးခွင့်မရသူများအတွက် အလုပ်အကိုင် စီစဉ်ပေးပြီး ဘဝရပ်တည်နိုင်ဖို့ ရည်ရွယ်ပါတယ်။ သင်ကြားမှုပုံစံမှာ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပြီး လက်တွေ့ပညာဆည်းပူးရန်အတွက် နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် ၁၅ ရက်(သို့မဟုတ်) ရက် ၃၀ အဘိုးအဘွားများကို ပြုစုစောင့်ရှောက်ပေးရင် လက်တွေ့ပညာကို ရယူစေသောကြောင့် နိုင်ငံတကာအဆင့်မီ အရည်အချင်းပြည့်ဝသော သူနာပြု အကူအရည်အသွေးကို ပိုင်ဆိုင်ရရှိမည် ဖြစ်ပါတယ်။

San Nyo Nyo Myint Technical Service Co.,Ltd တစ်ခုအနေဖြင့် မိမိဖွင့်လှစ်သင်ကြားပေးသည့် သူနာပြုအကူ နှင့်ဆေးဝါးကျွမ်းကျင်သင်တန်းများမှာ-

  • (၁) သူနာပြုနှင့် ဆေးဝါးကျွမ်းကျင်ဘာသာရပ်
  • (၂) သူနာပြုစီမံခန့်ခွဲမှု ဘာသာရပ် (Diploma)
  • (၃) ဆေးဝါးကျွမ်းကျင် သီးသန့်ဘာသာရပ်
  • (၄) စင်ကာပူမှတ်ပုံတင်သူနာပြုဝင်ခွင့် ဘာသာရပ်
  • (၅) ကလေးစောင့်ရှောက်ခြင်း သီးသန့်ဘာသာရပ်တို့ဖြစ်ပါတယ်
သူနာပြုနှင့် ဆေးဝါးကျွမ်းကျင်ဘာသာရပ်ကို တက်မယ် ဆိုရင် ခြောက်လ တက်ရမှာဖြစ်ပါတယ်။ ခြောက်လ တက်ပြီးရင် အရည်အချင်းပြည့်ဝသော သူနာပြုအကူတစ်ယောက် ဖြစ်လာပြီး ဆေးရုံ၊ ဆေးခန်း၊ Home Case မဆိုအလုပ်အကိုင်အခွင့်အလမ်း အာမခံချက်အပြည့်အဝကို ခံစားမှာဖြစ်ပါတယ်။ ဆေးဝါးကျွမ်းကျင် သီးသန့်ဘာသာရပ်ကို တက်မယ်ဆိုရင် လေးလတက်ရမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းကတော့ ပုဂ္ဂလိကဆေးဆိုင်နှင့် ဆေးဝါးကုမ္ပဏီများ၊ မိမိကိုယ်တိုင် ဆေးအရောင်းဆိုင်ဖွင့်ချင်သော သူများအတွက် ဖြစ်ပါတယ်။ သူနာပြုစီမံခန့်ခွဲမှုဘာသာရပ် (Diploma) ကိုတက်မယ်ဆိုရင် သူနာပြုနှင့်ဆေးဝါးကျွမ်းကျင်ဘာသာရပ်ကိုတက်ပြီးမှ Diploma Nursing ဆက်လက်သင်ကြားရင်း အလုပ်လုပ်ကိုင်နိုင်ရန် စီစဉ်ပေးမည့် အခွင့်အလမ်းများလည်းရှိပါတယ်။ ကလေးစောင့်ရှောက်ခြင်း သီးသန့်ဘာသာရပ်ကိုတက်မယ်ဆိုရင် (၃)လတက်ရမှာဖြစ်ပြီး ကလေးသူငယ်များ ကျန်းမာစွာ ဖွံ့ဖြိုးကြီးထွား စောင့်ရှောက်ပေးနိုင်ရန်ဖြစ်ပါတယ်။
လူငယ်လူရွယ်တိုင်အခြေခံဘဝ အာမခံချက်ရရှိဖို့အတွက် မိမိတက်ရောက် သင်ကြားတတ်မြောက်တဲ့ ဘာသာရပ် သင်ကြားမှုက အာမခံချက် ရရှိဖို့အတွက် မိမိတက်ရောက်သင်ကြားတတ်မြောက်တဲ့ လာသာရပ်သင်ကြားမှုက ဘဝရပ်တည်မှုအတွက် အကောင်းဆုံးအာမခံချက် ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ အဘယ်ကြောင့်ဆိုသော် ဒီသူနာပြု ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်းကို ၂၀၁၅ ခုနှစ်ကတည်းကနေ ခုချိန်ထိ သင်တန်းဖွင့်နှစ် ၁၅ နှစ် သက်တမ်း ကြာမြင့်သော သင်တန်းဖြစ်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း လုပ်ကိုင်နိုင်တဲ့ လူငယ်ပေါင်း ၆၀၀၀ ကျော်ကို မွေးထုတ် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

Deprecated: preg_split(): Passing null to parameter #2 ($subject) of type string is deprecated in /home2/cp334332/public_html/sannyonyomyinttechnical.com/wp-includes/formatting.php on line 3465