
Latex Memory Foam coconut မွေ့ယာလေး (3.5’x6.5’x10”) Camela Mattress
July 8, 2019
ဂျိုးသိနိး ဆေးရုံ , ပဲခူး မြို့က Virus keeper Filter , လေစစ်အလွှာကို သုံးစွဲခြင်း
July 8, 2019Flu ( တုတ်ကွေး မိခြင်း) နဲ့( common cold ) အအေးမိခြင်း တို့ရဲ့ ကွဲပြားခြားနားချက်ကို မျှဝေချင်ပါတယ်။
ခုလို နေပူတလှဲ့ မိုး ရွာ တလှဲ့ ဖြစ်နေတဲ့
အအေးမိ တုတ်ကွေး ဖြစ်တတ်တဲ့ရာသီမှာ Virus Keeper Aircon Filter ကို မိမိတို့ အိမ်ရဲ့ Aircon မှာ တပ်ဆင်ထားပြီး virus Keeper mask လေး လည်း သွားလေရာ ဆောင်ထားသင့်ပါတယ်။
Flu ( တုတ်ကွေး မိခြင်း) နဲ့( common cold ) အအေးမိခြင်း တို့ရဲ့ ကွဲပြားခြားနားချက်ကို မျှဝေချင်ပါတယ်။အအေးမိခြင်း က rhino virus and corona virus ကြောင့် ဖြစ်ပွားပြီး အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းကို ကူးစက်ပျံနှံစေပါတယ်၊
အအေး မိခြင်း လက္ခာကတော့ လည်ချောင်းနာခြင်း နှာရည်ယိုခြင်း ခေါင်း ကိုက်ခြင်း သလိပ်ထွက်ချောင်းဆိုး ခြင်းဖြစ်ပြီးရက်အနည်း ငယ်မှာ သက်သာသွား ပါမယ်။ နောက်ဆက်တွဲအနေနဲ့ ထိပ်ခပ်နာ နှင့် နားကိုက်ခြင်း ကျန်နေတတ်ပါတယ်။ တနှစ်ပတ်လုံး ဘယ်အချိန်မဆို ဖြစ်တတ်ပါတယ်။ အကိုက်အခဲပျောက်ဆေးနဲ့ နှာရည်ယိုပျောက်ဆေး လောက်သောက်ပြီးအနားယူ ရင်ပြန်ကောင်းသွားပါတယ်။
Flu ( တုတ်ကွေးမိခြင်း ) ကတော့ orythomyxo virus ကြောင့် ကူးစက်ပါတယ်။ အသက်ရှု လမ်းကြောင်း ဝင်ရောက်ပြီး ကူးစက်မှု့ မြန်ဆန်ကာ (၆) နာရီအတွင်း အဖျားကြီးခြင်း ချမ်းတုန်ဖျားခြင်း ခန္တာကိုယ် ကိုက်ခဲခြင်း ခေါင်းကိုက်ခြင်း မောပန်း နှုးချိခြင်း
ရင်ဘတ်နာခြင်းကြပ်ခြင်း ချောင်း ခြောက်ဆိုးခြင်း ဖြစ်ပွားပြီး နောက်တက်တွဲအဖြစ်အဆုတ်ရောင်၍ကျန်ခဲ့ပါ တယ်။ အေးတဲ့ရာသီ တွေမှာဖြစ်ပွားတတ်ပါတယ်။
flu ဖြစ်ရင်တော့ အဖျားကျဆေးအပြင် virus သတ်ဆေးပါသောက်ပြီး ကုသချက် ခံယူရပါမည်။
ဆရာဝန်နှင့်တိုင်ပင်ညွှန်ကြားမှု့ဖြင့် Flu vaccine ကာကွယ် ဆေး ထိုးထားသင့်ပါသည်။
အအေးမိ ခြင်း တုတ်ကွေးမိခြင်း နှစ်ခုလုံးသည် ကိုယ်ခံအား ကောင်းဘို့ အနားများများ ယုရမည်။ အားရှိသော အရည်နှင့် လတ်ဆတ်သော အသီးဖျော်ရည်များ စားသုံး ၍ အရည်ဓတ်ခမ်း ခြောက်မှု့ ကို ကာကွယ်ရမည်။
Cold & Flu ကို တိုက်ခိုက်ချင်လျှင်
(၁) မုံလာဥနီဖျော်ရည် (၈) အောင်စသောက်ပါ ။ ( Beta Carotene ) ဓတ်ပါဝင်၍ virus ကို နှိင်နင်းနိုင်သည်။
(၂) Vitamin C နှင့် zinc သောက်ပါ။ ( Antioxidant )
(၃) ငရုတ်ကောင်းပါသော ဆွတ်ပြုတ်ရည်လေးသောက်ပါ။ ( immune ကောင်းစေ၍ antioxidants ဖြစ်စေသည်။)
Cold & Flu ကို မဖြစ်အောင် ကာကွယ်ဘို့
(၁) တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။
(၂) လက်သဲများအပါအဝင် လက်ကိုသေချာစွာဆေးပါ။
(၃) မျက်လုံးနှင့် နာခေါင်းကို မသန့်သော လက်ဖြင့် မထိမိပါစေနှင့် ။
(၄) ဆပ်ပြာ အမျိုးအစားသေချာရွေးချယ်ပါ။
(၅) လက်ခြင်းလက် ထိတွေပြီးတိုင်း , ပတ်ဝန်းကျင်မှ အရာဝထ္တု ပစ္စည်းမှန်သမျှ ကိုင်ပြီး တိုင်း လက်ဆေးပါ။
( အစက်ကျရာ မှvirus က လမ်းကြုံ လိုက်ပါလာတတ်သည်။ )
ပို၍ ကာကွယ် ချင်ရင်တော့ Virus Keeper ဆောင်ထား နိုင်ပါတယ်။
Contact no – 09979063629)